ဆောင်းပါးများ
Online Shop တည်ဆောက်မီ သိထားသင့်သော အချက် ၇ ချက်
Online Shop တစ်ခုအောင်မြင်ရန် Website တည်ဆောက်ရုံမလုံလောက်ပါ။ Product Management၊ Payment၊ Delivery၊ Customer Support နှင့် Marketing Process များကိုလည်း ကြိုတင်စီစဉ်ရန်လိုပါသည်။
Online Shop တစ်ခုတည်ဆောက်ခြင်းက Product များကို Website ပေါ်တင်ထားခြင်းထက် ပိုမိုကျယ်ပြန့်ပါတယ်။ Customer တစ်ယောက် Product ကိုစတွေ့သည့်အချိန်မှ Order လက်ခံရရှိသည်အထိ Process တစ်ခုလုံးကို စီစဉ်ထားဖို့လိုပါတယ်။
1. ရောင်းချမည့် Product များကို သတ်မှတ်ပါ
Product Name၊ Description၊ Price၊ Stock၊ Category နှင့် Product Photos များကို စနစ်တကျ ပြင်ဆင်ထားသင့်ပါတယ်။
2. Order Process ကို ရိုးရှင်းအောင်ပြုလုပ်ပါ
Customer များအနေဖြင့် Product ရွေးချယ်ခြင်း၊ Cart ထဲထည့်ခြင်းနှင့် Order တင်ခြင်းတို့ကို အဆင့်အနည်းဆုံးဖြင့် လုပ်ဆောင်နိုင်သင့်ပါတယ်။
3. Payment နည်းလမ်းများ သတ်မှတ်ပါ
Cash on Delivery၊ Bank Transfer၊ Mobile Payment သို့မဟုတ် Payment Gateway စသည်တို့ထဲမှ လုပ်ငန်းနှင့် Customer များအတွက် သင့်တော်သော နည်းလမ်းများကို ရွေးချယ်သင့်ပါတယ်။
4. Delivery Process ကို စီစဉ်ပါ
Delivery Area၊ Delivery Fee၊ ကြာချိန်နှင့် Order Tracking ရှိမရှိကို Customer များ သိရှိနိုင်အောင် ဖော်ပြထားသင့်ပါတယ်။
5. Stock Management ကို မမေ့ပါနှင့်
Online Shop တွင်ပြထားသော Stock နှင့် အမှန်တကယ်ရှိသော Stock ကို တူညီအောင် ထိန်းသိမ်းရန်လိုပါတယ်။
6. Mobile Experience ကို ဦးစားပေးပါ
Customer အများစုက Mobile Phone မှတစ်ဆင့် ဝယ်ယူကြသဖြင့် Online Shop ကို Mobile ပေါ်တွင် မြန်ဆန်ပြီး အသုံးပြုရလွယ်ကူအောင် ဖန်တီးထားသင့်ပါတယ်။
7. Marketing Budget သတ်မှတ်ပါ
Online Shop တည်ဆောက်ပြီးနောက် Customer များအလိုအလျောက် မရောက်လာနိုင်ပါ။ Social Media Content၊ Advertising၊ SEO နှင့် Promotion များအတွက် Marketing Plan တစ်ခုလိုအပ်ပါတယ်။
အောင်မြင်သော Online Shop တစ်ခုအတွက် Technology၊ Operations၊ Customer Service နှင့် Marketing တို့ အတူတကွ ကောင်းမွန်စွာ လည်ပတ်ရန်လိုအပ်ပါတယ်။
မျှဝေရန်
ဆောင်းပါးများ