ဆောင်းပါးများ
Website တစ်ခုရှိခြင်းက သင့်လုပ်ငန်းအတွက် ဘာကြောင့်အရေးကြီးသလဲ
Website တစ်ခုက လုပ်ငန်း၏ ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးပြီး Customer များက သင့်လုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ဆက်သွယ်ရန်အချက်အလက်များကို အချိန်မရွေး ရှာဖွေနိုင်စေပါသည်။
Website က Online Brochure တစ်ခုထက်ပိုပါတယ်
ယနေ့ခေတ် Customer အများစုသည် Product သို့မဟုတ် Service တစ်ခုဝယ်ယူမီ Online မှာ အရင်ဆုံး ရှာဖွေလေ့ရှိကြပါတယ်။ သင့်လုပ်ငန်းမှာ Professional Website မရှိပါက Customer များက လုပ်ငန်းအပေါ် ယုံကြည်မှုလျော့နည်းနိုင်ပါတယ်။
Website တစ်ခုမှတစ်ဆင့် သင့်လုပ်ငန်း၏ ဝန်ဆောင်မှုများ၊ Portfolio၊ Client Reviews၊ ဆက်သွယ်ရန်အချက်အလက်များနှင့် Company Profile ကို စနစ်တကျ ဖော်ပြနိုင်ပါတယ်။
Website ရှိခြင်း၏ အကျိုးကျေးဇူးများ
- လုပ်ငန်း၏ ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးခြင်း
- Customer အသစ်များ ရှာဖွေရရှိနိုင်ခြင်း
- ဝန်ဆောင်မှုများကို ၂၄ နာရီ ဖော်ပြထားနိုင်ခြင်း
- Facebook တစ်ခုတည်းအပေါ် မမှီခိုရခြင်း
- Search Engine များမှတစ်ဆင့် ရှာဖွေတွေ့ရှိနိုင်ခြင်း
- Customer များနှင့် ဆက်သွယ်ရလွယ်ကူခြင်း
Website မတည်ဆောက်မီ စဉ်းစားသင့်သောအချက်များ
Website ၏ရည်ရွယ်ချက်၊ Target Audience၊ လိုအပ်သော Features၊ Content Management၊ Domain၊ Hosting နှင့် နောက်ပိုင်း Maintenance ကုန်ကျစရိတ်များကို ကြိုတင်စဉ်းစားသင့်ပါတယ်။
Professional Website တစ်ခုဟာ သင့်လုပ်ငန်း၏ Digital Foundation ဖြစ်ပါတယ်။ လှပမှုတစ်ခုတည်းမဟုတ်ဘဲ မြန်ဆန်မှု၊ Mobile Compatibility၊ Security နှင့် User Experience တို့ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။